June 12, 2017

ကအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တွေ့ဆုံ၊ ... ပင်လုံညီလာခံ၊နေပြည်တော် မေ၂၆၊ ၂၀၁၇


အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်မည်ဟု
 ကေအိုင်အိုဒုဥက္ကဋ္ဌ ပြော

အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးမှုများမကြာခဏ ပြုလုပ် မည်ဖြစ်ပြီး အောင်မြင်မှုရှိမည်ဟု ယုံကြည်ကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ သို့ တက်ရောက်လာသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များက မေလ ၂၇ ရက်က နေ ပြည်တော်မှ ပြန်လည်ထွက်ခွာ စဉ် သတင်းမီဒီယာများ၏ မေး မြန်းမှုကို ဗိုလ်ချုပ်ကြီးအင်ဘန်လ က ဖြေကြားခြင်းဖြစ်သည်။
‘‘ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိ တယ်။ မကြာဘူး၊ မကြာဘူး။ မကြာမကြာဆွေးနွေးတော့မယ်’’ ဟု ၎င်းက အစိုးရနှင့်ထပ်မံတွေ့ ဆုံမည့်အခြေအနေနှင့်ပတ်သက် ၍ ပြောသည်။ ဆွေးနွေးမှုများ အောင်မြင်နိုင်မှု ရှိ၊ မရှိ အခြေအ နေနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး အင်ဘန်လက ‘‘အောင်မြင်မယ်၊ အောင်မြင်မယ်။ မအောင်မြင်တဲ့ အလုပ်ကို မလုပ်ဘူးနော်’’ဟု ၎င်းက ဆက်လက်ပြောသည်။
၂၁ ရာစုပင်လုံညီလာခံသို့ အထူးဖိတ်ကြားသူအဖြစ် တက် ရောက်ခဲ့သည့် မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့သည် နေပြည် တော်မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်။
KIO အပါအ၀င် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ နေပြည်တော်ခရီးစဉ်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းက အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ များပြုလုပ်နိုင်ရန် လမ်းစပွင့်ပြီ ဖြစ်ကြောင်း မြောက်ပိုင်းကိုယ်စား လှယ်များက ဆိုသည်။
‘၀’လက်နက်ကိုင်အဖွဲ့ UWSA၊ မိုင်းလားလက်နက်ကိုင် အဖွဲ့(NDAA)၊ ကချင်လက်နက် ကိုင်အဖွဲ့(KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့(SSPP)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ သည် တရုတ်အစိုးရ၏ ညှိနှိုင်းမှု အရ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ နေ့သို့ တက်ရောက်ခဲ့သည်။ မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့မှ ကိုယ်စားလှယ်များပါသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီသည် မေလ ၂၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မေလ ၂၄ ရက်၌ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိ သေးသည့် ယင်းအဖွဲ့များအနေ ဖြင့် ညီလာခံ၌ သဘောထားတင် ပြခွင့်ရရှိရေး ကြိုးစားသော် လည်း ခွင့်ပြုချက်မရခဲ့ပေ။ ထို့ ကြောင့် ညီလာခံဖွင့်ပွဲနေ့သာ တက်ရောက်ခဲ့သည်။
မေလ ၂၆ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မြောက် ပိုင်းခုနစ်ဖွဲ့ကိုယ်စားလှယ်များကို နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် '၀' အဖွဲ့ အပါအ၀င် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UWSA၊ KIA၊ SSPP၊ NDAA စသည့်လက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-စိုင်းဖုန်းဟန် SSPP/SSA)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့တို့သည် နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်၌ မေ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ '၀'လက်နက်ကိုင်အဖွဲ့ UWSA ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP နှင့် မိုင်းလားအဖွဲ့ NDAA တို့နှင့်လည်းကောင်း၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ TNLA တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တော့ ကျွန်တော်တို့ ဘာမှ မဆွေးနွေးပါဘူး။ အဓိက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ အိမ်သွားတယ်ဆိုတာ မိသားစုလို ရင်းရင်းနှီးနှီး ပိုပြီးတော့ ရင်းနှီးအောင် ဆိုပြီးတော့ သွားပြီး တော့သွားတွေ့တာ။ သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြန်ပြင်ထားတာနဲ့ မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အရင် NCA တော့ ကျွန်တော်တို့က ထိုးမှာ မဟတ်ဘူး။ ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ကို သွားတဲ့အချိန်က တရုတ်ပြည်ရဲ့ One Belt, One Road ပေါ်လစီပေါ့နော်။ အဲဒါလည်း နည်းနည်းဆွေးနွေးတာ။ ဟိုရှိကျင်ဖျင်နဲ့ တွေ့လိုက်သေးတာပေါ့နော်။ ဒီကြားထဲမှာ သဘောတူညီထားတာ ရှိရင်ရှိမှာပေါ့နော်။ အဲဒါကြောင့်မို့ ဒီဟာ တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ရောက်အောင် သူတို့ရဲ့အကျိုး ဗမာပြည်ရဲ့ အကျိုးကိုပေါ့ နှစ်ဖက်အကျိုးလည်း ပါတာတော့ အဲဒါကြောင့်မို့ သူတို့က အားသွန်ခွန်စိုက်နဲ့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပါဝင်နိုင်အောင်ပေါ့။ တပ်ဘက်က UWSA '၀'နဲ့ အဆင်ပြေပါတယ်။ ကျွန်တော်ထင်တာတော့ တွေ့မယ်မထင်ပါဘူး။ ဟိုစစ်တိုက်နေတဲ့ သုံးဖွဲ့လည်း ကျွန်တော်တို့က ခေါ်လာတာကိုး။ ကျွန်တော်တို့ ခုနစ်ဖွဲ့က နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပေါ့ သိပ်မထူးဆန်းပါဘူး။ သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်ရှိတာပေါ့ ညှိယူရမှာပေါ့။ အားလုံးငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ်ဆို တစ်ရက်ရက်တော့ ငြိမ်းချမ်းလာမှာပါလို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။ နောက်ပိုင်း ဘယ်လို ချိတ်ဆက်ပြီးတော့ ဆက်သွယ်မယ်ဆိုတာ ရှိပါတယ်”ဟု '၀' လက်နက်ကိုင်အဖွဲ့မှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကွက်အမ်းက ပြောကြားသည်။
ထို့အတူ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အတွင်းရေးမှူး တာပန်လှက “ကျွန်တော်တို့ကတော့ ရှေ့ဆက်ပြီးတော့ ဒီကနေပြီးတော့ ဆွေးနွေးနိုင်ဖို့ကိုတော့ ဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်ကတော့ အခု ကျွန်တော်တို့ သွားပြီးတွေ့ဆုံတာက ကျွန်တော်တို့ ၂၁ ရာစု ပင်လုံ ရောက်လာတယ်။ နေပြည်တော် ရောက်လာတယ်။ သူက တာဝန်ရှိတဲ့သူအနေနဲ့ ကြိုဆိုတယ်ပေါ့လေ။ အဲဒီအဆင့်လောက်ပါပဲ။ အကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ PSLF/TNLA နဲ့ပဲဖြစ်ဖြစ် မြောက်ပိုင်းက အဖွဲ့တွေနဲ့ ပဲ ဖြစ်ဖြစ် လအတန်ကြာပေါ့လေ။ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေးနွေးမှုက တာဝန်ရှိတဲ့သူ အချင်းချင်းတွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်က တွေ့ဆုံနိုင်ဖို့က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခု ဒါလမ်းကြောင်း စတင်ဖြစ်ပေါ်လာခဲ့ပြီပေါ့။ ဆက်သွားနိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်မှန်းပါတယ်။ အခု ဒီကိုရောက် ရှိလာတာက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ ကျွန်တော်တို့ဘက်က ယုံယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတယ်လို့ ပြောရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို UPDJC က အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယ အစည်း အဝေးဖွင့်ပွဲ အခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ မေ ၂၅ ရက်က အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့်လည်း တွေ့ဆုံခဲ့ပြီး မေ ၂၇ ရက်တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဖွဲ့စည်းထားခြင်းဖြစ်သည်။
Writer: 
ဝီရမိုးနေ၊ ချမ်းဝေစိုး

No comments:

Post a Comment