April 05, 2017

ဒေါ်အောင်ဆန်းစုကြည်နဲ့ကချင် ရခိုင် အရေး. ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ နဲ့ ပင်လုံညီလာခံ - ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်နဲ့ကချင် ရခိုင် အရေး. . .
ကချင် ကေအိုင်အေတွေ
ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ နဲ့ ပင်လုံညီလာခံ  နေပြည်တော်မှာ ကေအိုင်အေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ် ကောလဟာလသံ ကြားရတော့
ကေအိုင်အေ နီးစပ်သူများကို မေးကြည့်ပါတယ်။ ကေအိုင်အေ နေပြည်တော်လာဖို့ စတင်ကမ်းလှမ်းပါပြီ။ အချိန် နေရာ မပါပဲ လာပါဆိုတော့ တမျိုးပဲ တဲ့။
.
.
ကေအိုင်အေတွေ ရမ်းစိတ်ဆိုးနေတယ်
ဟုတ်လား မေးတော့ . .
ဟုတ်တယ် လို့ဖြေတယ်။
.
.
.
"ဘာကြောင့်လဲ နယ်စပ်က ကေအိုင်အေစခန်းလေးတွေ များစွာ ဂိဒေါင်စခန်းအပါအဝင် အင်အားသုံး လေကြောင်းဗုန်းကြဲ သိမ်းပြတာကြောင့်လား . ." . .မေးတော့
" ဒါကြောင့်လဲ မဟုတ်ပါဘူး" . ဖြေတယ်။
.
.
.
" အရင်လက မြန်မာပြည်လုံးဆိုင်ရာ ခရစ်ယန်သင်းအုပ်ဆရာများ ကွန်ဖရင့်မှာ ကချင်ပြည်နယ်က ကချင်သင်းအုပ်ဆရာများ ထပြီး အလွန်မကြေနပ်စွာ ရင်ဖွင့်ကြတယ်။ မြန်မာပြည် အနှံ့က ရောက်လာတဲ့ သင်းအုပ်ဆရာတချို့ ဘာသာရေးကွန်ဖရင့်မှာ နိုင်ငံရေးအသံ ကြားရတော့ အစိုးရလာဖမ်းမလား စိုးရိမ်ကြသေးတယ်။ နောက်ဆုံးတော့ ဒို့အားလုံး ကချင်ပြည်နယ် ပြသနာက အရေးကြီးတယ်။ ဝိုင်းဆုတောင်းပေးရမယ် ပြောပြီး ဆုပဲတောင်းပေးကြတယ် ဆိုပဲ။ ဘာပြသနာလဲ ?" . . မေးတော့
"နိုင်ငံရေးပြသနာပဲ" . . လို့ ဖြေပါတယ်။
.
.
.
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည် တိုက်ပွဲတွေမှာ ဘာသံမှမထွက်ဘူး။ ဒါကို ဘယ်လိုမြင်သလဲ " . .မေးတယ်။
"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်အလိုကျ လုပ်နေရပြီ။ သူက ကောင်းပါတယ်။ ကမ္ဘာသိ သြဇာကြီးတဲ့ ခေါင်းဆောင်ကြီးပါ။ လေးစားပါတယ်။ ဒါပေမဲ့ ဗမာတွေအတွက်ပဲ ကောင်းတာပါ။ ကချင်တွေအတွက်တော့ မကောင်းဘူး။ ပိုတောင် ဆိုးလာသလိုပဲ။ စစ်ရှောင်ဒုက္ခသည်တွေ ပိုတောင်များလာသေးတယ်". . လို့ ဖြေပါတယ်။
.
.
.
" ကချင်စစ်ရှောင် ဒုက္ခသည်တွေအတွက် အတိုင်ပင်ခံရုံးက ထောက်ပံ့ငွေ သိန်းထောင်နဲ့ချီ တရားဝင်ပေးနေပြီလေ။ စစ်တပ်က သဘောတူလို့ အစိုးရက တရားဝင်ကူညီ နေပြီပဲ။ ၂၀၁၂ သမတဦးသိန်းစိန်လက်ထက်ကတည်းက စစ်တပ်လေကြောင်းထိုးစစ် အကြီးကျယ် လုပ်စဉ်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်နေပေမဲ့ စစ်ရှောင်ဒုက္ခသည်များကို ၃ကြိမ်တိုင် ကျပ်သိန်းရာချီ လှုဒါန်းခဲ့တယ် မဟုတ်လား " . . လို့
မေးလိုက်ပါတယ်။
" ဒီအတွက် စစ်ရှောင်ဒုက္ခသည်များကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗမာစစ်တပ်သဘောကျ ဖြစ်နေပြီ။ အခုကြည့်သူပါလား . . ဦးကိုနီ မတရား အကြမ်းဖက် လုပ်ကြံခံရလို့ သေဆုံးသွားရှာတာ ဝမ်းနည်းကြောင်း စကားတခွန်းတောင် မပြောဘူးလေ။ ရခိုင်အရေးလည်း ဒီအတိုင်းပဲ . . ရခိုင်ပြည်နယ်က ထွက်တဲ့ ဓါတ်ငွေ့ နှစ်စဉ် ဒေါ်လာ ဘီလျံနဲ့ချီပြီး ရခိုင်တွေ တပြားမှမရဘူး။ အလားတူပဲ ကချင်ပြည်နယ်က ကျောက်စိမ်းတွေလဲ နှစ်စဉ် ဒေါ်လာဘီလျံ နဲ့ချီပြီးရတာ ကချင်တွေ တပြားမှမရဘူး။ ကေအိုင်အေ ကုန်သည်တွေကို အခွန်ကောက်ရတဲ့ ပိုက်ဆံနဲ့ မြစ်ကြီးနားမြို့ကို လျှပ်စစ်ပေးတယ်။ လမ်းခင်းတယ်။ ဒါတောင် စစ်တပ်ကုမဏီတွေနဲ့ အစိုးရ အီးပီစီ က ၂ဆတိုး တောင်းလို့ ပြည်မမှာ လျပ်စစ် တယူနစ် ၃၅ကျပ်. . မြစ်ကြီးနားမှာ တယူနစ် ၃၀၀ကျပ် . . ဒီလိုပဲ ကချင်တွေ အရာရာမှာ အရမ်းနစ်နာနေတာ။ သူလုပ်နေတာတွေက စစ်တပ်လုပ်စေချင်တဲ့အတိုင်း ဖြစ်နေတာ။ သူခေါင်းဆောင်မဖြစ်ရင် ကချင်ပြည်နည်အတွက် ပိုကောင်းသလိုပဲ" . . လို့ ဖြေပါတယ်။
.
.
.
"ဟာ . မလုပ်ပါနဲ့ . . ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် မလုပ်ရင် ဘယ်သူလုပ်နိုင်မှာလဲ။ ညှိနှိုင်းနေရတာပေါ့လေ။ သူ့လောက် သြဇာရှိတဲ့လူတောင် ငြိမ်နေရတာ ကြည့်ပါ။ မလွယ်တာ ဧကန်ပါပဲ။ ကချင် ရခိုင် အရေးတွေက အလွန်ခက်ခဲ ရှုပ်ထွေးတယ် ဆိုတာပြတာပါ။ မြန်မာစစ်တပ်ကြီး ကချင်ပြည်နယ်မှာ ရှိသလို တရုပ်စစ်တပ်ကြီးလဲ ကချင်နယ်စပ် ယူနန်ပြည်နယ်မှာ ရှိနေတာ သိတယ်မဟုတ်လား. . လို့
မေးကြည့်ပါတယ်။ . .
" တရုပ်နဲ့ မြန်မာ စစ်အင်အားပြိုင်ချင်သလား . . မြန်မာစစ်တပ်က ဘာလို့တရုပ်ကို ချချင်နေရတာလဲ. . မဖြစ်နိုင်ဘူး။ ကချင်ပြည်နယ်မှာ ဗမာစစ်တပ်ကြီး ရောက်နေတာ ကေအိုင်အေကို တိုက်ဖို့ပဲ ဖြစ်နိုင်တယ်။ ကေအိုင်အေ စစ်ဗိုလ်ချုပ်တွေက အားလုံးနီးပါး စစ်ဆက်မတိုက်ချင်တော့ဘူး။ စစ်တိုက်လို့ ကချင်ပြည်နယ် လူထုပဲ နစ်နာနေတာ အခုကြည့်ပါ. . စစ်ဘေးက အိုးအိမ်ပစ်ပြေးရတဲ့ ကချင်ဒုက္ခသည်တွေ ၄နှစ်ကျော်ပြီ။ အလွန်ချမ်းအေးတဲ့ ဆောင်ဒဏ်ခံ အစာရေစာလည်း မလုံလောက်။ တရုပ်အစိုးရကလည်း မောင်းထုတ်။ ဒုက္ခရောက်ရတဲ့ကြား မူးရစ်ဆေးဝါး ဆေးပြားနဲ့ ဘိန်းစိုက်ခင်းတွေကလည်း ဘိန်းဘုရင်တွေ ဝိသမစီးပွားရေးလုပ်ပြန်တယ်။ အခုတော့ ဖမ်းဆီးနေပေမဲ့ ပိုင်ရှင်မဲ့တွေချည်း ဖြစ်နေတယ်။ အဆုံးသပ်ရရင် ကချင်လူငယ်တွေ ကေအိုင်အေဖြစ်ပြီး သေနပ်ကိုင်နေရတယ်။ ကေအိုင်အေ မဖြစ်ရင် မူးယစ်သားကောင် ကျောက်စိမ်းတွင်းတူးလုပ်သား ပညာမသင်နိုင် . . တရုပ်ပြည်သွားအလုပ်လုပ် . .ချွတ်ခြုံကျနေတာ စစ်ပွဲကြောင့်ပဲ။
ကေအိုင်အေ က စစ်မတိုက်ချင်ပဲ . NCA အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ပဲ . . ကချင်ပြည်နယ် ပြည်တွင်း စစ်ပွဲတွေ ဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ ဆိုတာ လူတိုင်းသိပါတယ်". . လို့ ဖြေပါတယ်။
.
.
.
မြန်မာငြိမ်းချမ်းလိုသူအမြင်. .
ဒါနဲ့ ကချင်ပြည်နယ် တခါမှ မရောက်ဖူးသူ ကချင်ကျေးရွာတွေကို မရောက်ဖူးသူ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူမိတ်ဆွေနဲ့ ဆက်ပြောကြပါတယ်။ သူကတော့ ကေအိုင်အေ NCA အပစ်ခတ် ရပ်စဲရေးကို ဘာပဲဖြစ်ဖြစ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာ လက်မှတ်ထိုသင်ကြောင်း။ လက်မှတ်ထိုးလိုက်ရင် ဗိုလ်မင်းအောင်လှိုင် တို့ အုပ်စု အငိုက်မိသွားပြီး ငြိမ်းချမ်းရေး ခရီးစဉ် လမ်းစ ပြန်ပေါ်လာမှာဖြစ်ကြောင်း ၂၅% စစ်သားတွေ အမြန်ဆုံး လွှတ်တော်ထဲက ထွက်သွားစေချင်ကြောင်း . .စသဖြင့် ပြောတာ နားထောင်ရပြန်တယ်။
.
.
.
စစ်တပ်ထောက်ခံသူအမြင်. .
ဖေ့ဘုတ်ကနေ လူသောင်းချီ လိုက်ခ် ပေးမှုရရှိထားတဲ့ ဝန်ကြီးဟောင်တဦး ရေးထားတာလည်း စစ်တပ်ဖက်ကပါပဲ။ သူကိုယ်တိုင် ကချင်ပြည်နယ်မှာ ဗိုလ်ကြီးဘဝ စစ်ဆင်ရေးတွေ လုပ်ခဲ့စဉ်အကြောင်း ကချင်လူမျိုးများအကြောင်း ခရစ်ယန်ဘာသာအကြောင်း ကချင်ပြည်နယ်မှာ ကေအိုင်အေ ပျောက်ကျားစစ်ကို နိုင်ဖို့ မလွယ်ကြောင်း သိပေမဲ့ . . သူ့အာဘော်ကတော့ တရုပ်က မပံ့ပိုးအောင် ဖြတ်တောက်ဖို့ . . တရုပ်စစ်တပ်နဲ့ မြန်မာစစ်တပ် ၂ခုပေါင်း ညီညွတ်လာရင် ကေအိုင်အေ ငြိမ်းချမ်းရေးပါလာမယ် အယူအဆတွေ တွေ့ရပါတယ်။ စစ်ဝါဒီ အမြင်တွေ သူတို့ (စစ်ဗိုလ်အငြိမ်းစားတွေ) မှာ ရှိနေတာ မဆန်းပါဘူး။
ဗိုလ်ချုပ်ဟောင်း အနောက်မြောက်တိုင်းမှုးအငြိမ်းစား ဗိုလ်ထွန်းကြည် ကတော့ . . သူကိုယ်တိုင်ရေးအထုပ္ပတိ အထူကြီး ၃တွဲ ထုတ်ပါတယ်။ ထုံးစံအတိုင်း (သူ့အပေါ်) စစ်တပ်ကကောင်းကြောင်း။ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးကြောင့် သူ ရာထူးကထွက်ရကြောင်း။ ကချင်ပြည်နယ်ကို ကေအိုင်အေနယ်မြေ စစ်တိုင်းမှုးမလုပ်လိုကြောင်း။ သူ့သူငယ်ချင်း အယ်လ်ကွန်ဖန် တိုင်းမှုး လုပ်နေတုန်း လုပ်ကြံခံရလို့ ဗိုလ်ထွန်းကြည် တိုင်းမှုးသွားလုပ်ဖို့ ဖြစ်လာတော့ . . မသွားလိုကြောင်း လူကြီးများကို ပြောကြောင်း. .သူ့စာအုပ်မှာ ဝန်ခံရေးသားထားပါတယ်။ ကချင်ပြည်နယ်က ခက်ခဲကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေမှာ သမာသမတ်အရှိဆုံးတယောက် ဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ကြီးကလဲ ပြောပါတယ်။
.
ကျန်တဲ့ စစ်အာဏာရှင်စိတ်ရှိသူတွေ စစ်ဝါဒီတွေက " ချကွာ ချကွာ. . အမြင်ရှိသူများစွာ တို့နဲ့အတူ သူတို့လည်း" ကချင်ရွာတွေ တခါမှမရောက်ဖူးကြပါဘူး။ ရောက်ဖူးသွားသူများကတော့ အပြတ်တိုက်ခိုက်နှိမ်နင်းဖို့ မလိုလားကြပါဘူး။ မဖြစ်နိုင်မှန်း သိလို့ပါ။
.
.
တရုပ် အမေရိကန် ဒေသသြဇာအတွက်ရော စီးပွားရေးအင်ပါယာချဲ့ဖို့ ကြိုးစားနေတာ တရုပ်ပဲ နိုင်နေဆဲပါ။ စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေ ကတော့ တရုပ်အင်ပါယာချဲ့တာ သူမတတ်နိုင်လို့ . မကာကွယ်နိုင်လို့ ဆင်းပေးသွားပါတယ်။ .ပြီးတော့ သူ့မိသားစုလဲ ဦးနေဝင်းမိသားစုလိုပဲ နာမည်ပျက် ထောင်ကျ မဖြစ်လိုတာ အဓိက ကျမယ် ပြောသူများလဲ ရှိပါတယ်။ သူ့သြဇာခံ ဦးသိန်းစိန် အစိုးရလည်း တရုပ်သြဇာ တောင့်မခံနိုင်ပါဘူး။ မြစ်ဆုံ ကြေးနီ ကျောက်စိမ်း နဲ့ ရွှေဓါတ်ငွေ့ သယံဇာတတွေနဲ့ ကချင် ရခိုင် လူမျိုးရေး ပြသနာ ရှုပ်ထွေးပြည်တွင်းစစ်. . မငြိမ်းချမ်းနိုင်ပါ။ အရေးထဲ ဗုဒ္ဓ မွတ်ဆလင် ခရစ်ယန် ဘာသာရေးကို အသုံပြု လျို့ဆော်တဲ့ မဘသ စတိုင်လ် တွေကိုလည်း သတိထားနေရပါမယ်။ ကြံခိုင်ရေးပါတီ အစိုးရလည်း လူထုလုံးဝမကြည်ဖြူတော့ ရွေးကောက်ပွဲ အပြတ်သတ်ရှုံး အာဏာလွဲပေးရပါတော့တယ်။
အခု အတိုင်ပင်ခံရုံးက ကချင်ပြည်နယ်အတွက် ခြေလှမ်း ပံ့ပိုးမှုကို ကြိုဆိုပါတယ်။ ပင်လုံညီလာခံ အတွက် ကေအိုင်အေ NCA အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ နိုင်ငံရေးပြသနာ အမြန်ဆုံး ဖြေရှင်ကြဖို့ မျှော်လင့်နေပါတယ်။
ဇော်အောင်(မုံရွာ)
၎.၂.၂၀၁၇
LikeShow more reactions
Commen

No comments:

Post a Comment