October 14, 2013

ကချင်ပြည်နယ်တွင်းရှိ မြန်မာအစိုးရတပ်များ ဖြန့် ကျက်တိုးချဲ့ ထားမှု

ယနေ့ ကချင်ပြည်နယ်အတွင်း၌ အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၄၄ ရင်း အမြဲတမ်း အခြေချ တပ်စွဲထားသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ - ၁၅ ၊ မြစ်ကြီးနားတွင် ခလရ - ၂၁၊ ၂၉၊ ၃၇၊ ပူတာအိုတွင် ခလရ - ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ - ၅၈၊ မိုးကောင်းတွင် ခလရ - ၇၄၊ ဆားမှော်တွင် ခလရ - ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ - ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ - ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ - ၁၄၂၊ ဗန်းမော်တွင် ခလရ - ၂၃၆၊ မယန်းတွင် ခလရ - ၂၆၀၊ တနိုင်းတွင် ခမရ - ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ - ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ - ၄၃၇၊ ပင်းဘောတွင် ခမရ - ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ - ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ - ၂၉၇၊ ဒေါင်ဘန်း၌ ခလရ - ၂၉၈ တို့ တပ်စွဲထားသည်။ တပ်မတပ်များအဖြစ် ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်စိုက်ထားပြီး လက်အောက်ခံတပ်များမှာ ဗန်းမော်တွင် ခလရ -၄၇၊ ၂၃၇၊ ရွှေဂူတွင် ခလရ - ၅၆၊ ခမရ - ၆၀၂၊ မြို့သစ်တွင် ခမရ - ၃၂၀၊ ၃၈၇၊ ၄၃၈၊ မန်စီတွင် ခမရ - ၆၀၂ အခြေပြုထားသည်။ မိုးကောင်းတွင် စကခ-၃ အခြေစိုက်ထား၍ လက်အောက်ခံတပ်များမှာ ဟိုပင်တွင် ခလရ - ၄၀၊ ခမရ - ၃၈၈၊ ၃၈၉၊ မိုးကောင်းတွင် ခမရ - ၃၈၁၊ ၃၈၂၊ ဆားမှော်တွင် ခမရ - ၃၈၃၊ ၃၈၄၊ နမ်မားတွင် ခမရ - ၃၈၅၊ ၃၈၆၊ နမ္မတီးတွင် ခမရ - ၃၉၀ တပ်စွဲထားသည်။ 
၁၉၆၂ ခုနှစ်အကုန်က ကချင်ပြည်နယ် တစ်ခုလုံးတွင် ခလရ - ၁၅၊ ၂၁၊ ၂၉၊ ၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၅၆၊ ၅၈ ဟူ၍ တပ်ရင်း ၉ ရင်းသာ ရှိခဲ့သည်။

အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ ကိုလည်း မိုးညှင်း၌ ယခုတပ်စွဲထား သည်။ ဗန်းမော်၊ မိုးညှင်း၊ မြို့သစ်၊ မရမ်း၊ မိုးမောက် စသည့်နေရာများတွင် အမြောက်တပ်ရင်း ၈ ရင်းထက်မနည်း ချထားသည်။ မိုးညှင်းတွင် ဒုံးပျံတပ်ရင်း ၆၀၃ ကိုလည်း တပ်စွဲထားသည်။ ဗန်းမော်နှင့် မိုးညှင်းတွင် သံချပ်ကာ တပ်ရင်းများလည်း အခြေပြုထားသည်။


ယခုအခါ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကြိုးပမ်းချက်ကို အထက်ပါ မပခ လက်အောက်ခံ ၂၂ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၆ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၁၀ ရင်းတို့က နှိပ်ကွပ် တိုက်ခိုက်နေသည့်အပြင် ကျောက်မဲအခြေစိုက် စကခ-၁ နှင့် ၁၀ ရင်း၊ သိန္နီအခြေစိုက် စကခ-၁၆ နှင့် ၁၀ ရင်း၊ မိတ္ထီလာအခြေစိုက် တပ်မ- ၉၉ မှ ၇ ရင်း၊ မကွေးအခြေစိုက် တပ်မ- ၈၈ နှင့် ၁၀ ရင်း၊ ကလောအခြေစိုက် တပ်မ -၅၅ နှင့် ၁၀ ရင်း၊ ကလေးအခြေစိုက် စကခ-၁၀ နှင့် ၁၀ ရင်း စသည်ဖြင့် စုစုပေါင်းတပ်ရင်း ၁၀၀ ကျော်နှင့် အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။
credit: ဆရာနတ်နွယ်

No comments:

Post a Comment