January 25, 2013

ဦးလှဆွေ အပေါင်းအပါသားသမီးများ ရှေ့ တန်းပို့ ပေးပါ

ဒုဗိုလ်မူးကြီ လှဆွေ


ကေအိုင်အေကို အပြီးတိုင် ခြေမှုန်းဖို့ လွတ်တော်ထဲမှာ တစာစာ တောင်းဆိုနေတဲ့ ဦးလှဆွေ သူ့ သားသမီး ရင်းချာတွေ ကချင်ရှေ့ တန်းမှာ မရှိဘူးဆိုတာထင်ရှားတယ်၊ စကခမှုး၊ တပ်မမှုးတွေရဲ့ ဇနီးသည်တွေတောင် ၄င်းတို့  ခင်ပွန်းတပ်တွေ ကချင် ရှေ့ တန်းအပို့ မခံရအောင် အထက်လူကြီးတွေကို လိုက်ကတ်ဖား နေရတယ်ဆိုတာ အားလုံးကြားမိကြမယ်ထင်ပါတယ်။

လက်တွေ့ မှာလည်း ဦးလှဆွေနဲ့ ကြံ့ဖွံ့ အပါင်းအပါတွေ တောင်းဆိုသလို ကေအိုင်အေ အပါအဝင် တိုင်းရင်းသားလက်နက်ကို်င်တွေ ကို ခြေမှုန်းဖို့  မဖြစ်နိုင်ဘူး ဆိုတာ နှစ် ၆ဝ ကျော်ပြည်တွင်းစစ်က သက်တေထူနေပါတယ်၊ ဦးလှဆွေ ကိုယ်တိုင် တပ်မတော်သားမို့  ကိုယ်တိုင် သဘော်ပေါက်မှာပါ။

ယခု ကချင်ပြည်မှာ ရှိတဲ့ တိုက်ပွဲ ဟာ တပ်မတော် အတွက်တော့ တရုတ်နဲ့ ခရိုနီ အကျိုးစီးပွား ကာကွယ်ဖို့ တိုက်နေတယ်ဆိုတာ မြန်မာ့အရးကို ကျွမ်းကျွမ်းဝင်ရိုနေသူတွေ အကုန်သိတဲ့ ကိစ္စပါ၊ ဦးလှဆွေ ပြောတဲ့ ဖားကန့် က ကျောက်ကုမဏီ အများစု နောက်ကွယ်က ရင်းနှီးမြုပ်နှံသူ အားလုံးလိုလိုဟာ ဘယ်သူတွေဖြစ်တယ် ဆိုတာ အားလုံးခန့် မှန်းသိနိုင်ပါတယ်၊ ကျန်တဲ့ ကုမဏီ တွေကတော့ ဦးပိုင်ဆက်စပ် ခရိုနီတွေ၊ တပ်မတော်ဗိုလ်ချုပ်ကြီး နာမည်နဲ့ အမည်ပေါက်တဲ့ ကုမဏီတွေပါ၊

တရုတ်နဲ့ ခရိုနီ အကျိုးစီးပွားကို ကာကွယ်ဖို့ သက်သက် အတွက် နိုင်ငံ့ ဘဏ္ဍာကို မပြုန်းတီးသင်းဘူးလို့ မြင်တယ်၊ အခု ခါယာဘွမ်နဲ့ လိုင်ဇာကို တပ်မတော်က လူအင်အား အရင်းအနှီး တော်တော်ပေးမှ ရပါမယ်၊ လိုင်ဇာကအုံးတော့ ကေအိုင်ကေ ကချင်တောင်လှန်ရေးက ဆက်ရှင်သန်နေအုံးမှာပါ။

တကယ်တိုက်ဖို့ ဆော်အော်နေတဲ့ ဦးလှဆွေ အပေါင်းအပါတွေရဲံ့ သားသမီးတွေကို ကချင်ရှေ့ တန်းပို့ ဖို့ ပြည်သူတွေ တောင်းဆိုရပါလိမ့်မယ်။

No comments:

Post a Comment